Category Archives: News
-
သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၉) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ စားသုံးရေးရာဦးစီးဌာနတို့နှင့်ပေါင်းစပ်ညှိနှိုင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံမှုသတင်း
စက်တင်ဘာ ၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Ms. Karen MacArthurh အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် တာဝန်ထမ်းဆောင်ရမည့်ကာလပြည့်မြောက်သဖြင့် မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Ms. Karen MacArthur က ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာအတွေ့ အကြုံ များနှင့် အကြံပြုချက်များအား ဆွေးနွေးပြောကြားရာတွင် လတ်တလောကြုံတွေ့နေရသော … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၉.၂၀၁၉)ရက်နေ့၊ (၀၀း၃၀)နာရီခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ရပ်ကွက်၌ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၄၇,၀၀ဝိ/-)၊ လူဦးရေ(၈၄)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၁၇၆,၄၀ဝိ/-)၊ စုစုပေါင်း(၁,၃၂၃,၄၀ဝိ/-)အား (၉.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_sep2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ (၉.၉.၂၀၁၉)ရက်နေ့တွင် ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ကော့ကရိတ်မြို့နယ်၊ အ ထ က(ခွဲ)ဝင်းကြီးကျောင်း၊ဆရာ/ဆရာမ ကျောင်းသူကျောင်းသား(၂၀၀)တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့အားလည်ကောင်း၊ မီးသတ်ဌာနမှ ငလျင်ဘေးဆိုင်ရာ အသိပညာပေးဟောပြောမှုအားလည်းကောင်း၊ ပြန်/ဆက်ဌာနမှ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောမှုအားလည်းကောင်း၊ စားသုံးသူရေးရာဌာနမှ အစားအသောက်နှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်အသိပညာပေးဟောပြောမှုများဖြင့်လည်ကောင်း သွားရောက်၍ သဘာဝဘေးန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2019 Soruce: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁) လမ်း၌( ၉-၉-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လုံးဝပျက်စီးအိမ်ခြေ (၄) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံး စုစုပေါင်းအိမ်ခြေ (၅) လုံး အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၈) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ … Read more
-
စက်လှေနှင့် အသက်ကယ်အင်္ကျီများ ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ (၃ .၉ ၂၀၁၉) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူ းထံ စက်လှေ (၁)စီး အစုံ နှင့် အသက်ကယ်အကျီ ၤ(၁၀)ထည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကကရံကျေးရွာအုပ်စု၊ ရွာမအနောက်ကျးရွာ၌ (၄-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာဘိုး (၈၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀ဝိ/)| စုစုပေါင်း (၁၀၈၄၀ဝိ/-)ကျပ်အား (၉-၉-၂၀၁၉)ရက်နေ့ (၁၀:၃၀)အချိန်တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆.၉.၂၀၁၉) ရက်နေ့ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ရေဘေးရှောင်အိမ်ထောင်စု(၁၉)စု ၊လူဦးရေ(၉၀) ဆန်ရိက္ခာ(၇)ရက်စာ ဆန်ဖိုးငွေ (၁၈၉၀၀ဝိ/)ကို (၉.၉.၂၀၁၉) ရက်နေ့ (၁၅း၀၀)နာရီ ရေဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_sep2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြစ်ရေတိုက်စားမှုကြောင့် ကမျးပါပွိုကြ၍ ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်း အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၉)ရက်နေ့၌ ရေစကြိုမြို့နယ် နွယ်နီကျေးရွာအုပ်စု နွယ်နီကျွန်းကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြိုကျ၍ ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သော အိမ်ခြေ (၇) လုံး အိမ်ထောင်စု (၇) စု လူဦးရေ (၃၀)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀ဝိ/) ကျပ် ဆန်ရိက္ခာဖိုး (၆၃၀၀ဝိ/) အား ( ၉-၉-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_sep2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









