လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၉.၂၀၁၉)ရက်နေ့၊ (၀၀း၃၀)နာရီခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ရပ်ကွက်၌ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၄၇,၀၀ဝိ/-)၊ လူဦးရေ(၈၄)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၁၇၆,၄၀ဝိ/-)၊ စုစုပေါင်း(၁,၃၂၃,၄၀ဝိ/-)အား (၉.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_sep2019
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)