လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၁၉)ရက်နေ့၌ ရေစကြိုမြို့နယ် နွယ်နီကျေးရွာအုပ်စု နွယ်နီကျွန်းကျေးရွာတွင်
ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြိုကျ၍ ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သော အိမ်ခြေ (၇) လုံး အိမ်ထောင်စု (၇) စု လူဦးရေ (၃၀)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀ဝိ/) ကျပ် ဆန်ရိက္ခာဖိုး (၆၃၀၀ဝိ/) အား ( ၉-၉-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_sep2019
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)