လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁) လမ်း၌( ၉-၉-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လုံးဝပျက်စီးအိမ်ခြေ (၄) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံး စုစုပေါင်းအိမ်ခြေ (၅) လုံး အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၈) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၅,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငေ ွ(၉၆၅,၁၀၀/-) ကျပ် တို့အား မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
ha_fir
#krn_sep2019