Category Archives: News
-
ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရန် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဂန့်ဂေါမြို့နယ်၊ ပျားကျေးရွာတွင် (၁၄-၉-၂၀၁၉) ရက်နေ့၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းလုပ်ဆောင်ရန်အတွက် ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #fld_simex #mgy_sep2019
-
ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၉)ရက်နေ့၊ (၁၀:ဝဝ)နာရီမှ(၁၁:၃၀)နာရီထိ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ ဓမ္မာရုံတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိ ပညာပေးဟောပြောဆွေးနွေးခြင်းအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2019 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဖိုက်ဘာစက်လှေလွဲှပြောင်းပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၉) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ စက်လှေရရှိရေးကော်မတီ သို့ ဒေသခံကျောင်းသားကျောင်းသူများနှင့် ကျေးရွာသူကျေးရွာသားများ မိုးရာသီကာလရေကြီးရေလျှံချိန်တွင် သွားလာရေး အဆင်ပြေချောမွေ့စေရန် ဦးစီးဌာနမှ ပံ့ပိုးကူညီသော ဖိုက်ဘာစက်လှေ (၁) စီးအား ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #Unicode Version# #otr #bgo_sep2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၉) ရက်နေ့တွင် ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဋ္ဌာနတို့နှင့်အတူ ကော့ကရိတ်မြို့နယ်၊ အလက ရန်ကုတ်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသူသား/သူ စုစုပေါင်း (၁၅၀) ဦးတို့အား ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ဆူနာမီဘေးနှင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ပစ္စည်းများအကြောင်း အသိပညာပေးခြင်း၊ မြို့နယ်မီးသတ်ဋ္ဌာနမှ မီးဘေး၊ ငလျင်ဘေးအကြောင်း အရာ များကို သရုပ်ပြအသိပညာပေးခြင်း၊ ခရိုင်ပြန်/ဆက်ဋ္ဌာနမှ စာဖတ်ခြင်းနှင့် အကျိုးကျေးဇူးများအကြောင်း၊ လူကုန် ကူးမှုဆိုင်ရာအန္တရာယ်များအကြောင်း အသိပညာပေးခြင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဋ္ဌာနမှ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ် တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပူတာအိုခရိုင်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဖြစ်ပွား လာပါက ပြည်သူများအနေဖြင့် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိနားလည်ပြီး အသက်ဘေးအန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူ ဇာတ် တိုက်လေ့ကျင့်မှုများကို စက်တင်ဘာ(၁၁)ရက် မွှန်းလွဲှ(၂)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် အခြေ ခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲဖြစ်စဉ်များ၌ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ခြင်း၊ ပြိုပျက်နေအိမ် တိုက်တာအဆောက်အဦများတွင် ပိတ်မိပြည်သူများကို ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်ဆောင်ရွက်သည့် … Read more
-
ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကျင်းပ
စက်တင်ဘာ ၁၁၊ နေပြည်တော် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉) ကို ယနေ့ နေ့လည်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဉက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏အောက်တွင် ဖွဲ့စည်းထားရှိသည့် လုပ်ငန်းကော်မတီ (၁၂) ခုအနက် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီအနေဖြင့် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ နွယ်နီ(၁၁)လမ်းတွင်(၇-၉-၂၀၁၉)ရက်နေ့၊နံနက်(၁၄:၀၀)နာရီအချိန်၌ မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မိသားစု(၁)စုမှ၊လူဦးရေ(၄)ဦးတို့မီးဘေး သင့်ခဲ့သဖြင့် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေကျပ်(၂,၀၀,၀၀ဝိ/-)၊လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၈၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊(၁)အိမ်ထောင်စုစာတို့အား (၁၁-၉-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_sep2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကျင်းပ
စက်တင်ဘာ၁၁၊နေပြည်တော် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း ခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဒုတိယသမ္မတ-၂ ဦးဆောင်သော အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းထားရှိပြီး အမျိုးသားကော်မတီ၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၁၂) ခုကိုဖွဲ့စည်းထားရှိကြောင်း၊ ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးဒဏ်များကို ပိုမိုခံစားရလျက်ရှိရာ ကမ္ဘာ့နိုင်ငံများကလည်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါး … Read more
-
လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန် တောင်းပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးပြကျေးရွာအုပ်စုတွင်(၈-၉-၂၀၁၉)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာသွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်းနေအိမ်(၁)လုံးအမိုးလန်ပျက်စီးခဲ့ရာ မိသားစု(၁)စုမှ၊လူဦးရေ(၂)ဦးတို့လေဘေးဒုက္ခခံစားခဲ့ရပါသဖြင့် လေဘေး သင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၄၀,၀၀ဝိ/-)၊လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၄၂၀ဝိ/-)တို့အား စုစုပေါင်းထောက်ပံ့ငွေ(၄၄၂၀ဝိ/-)အား (၁၁-၉-၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_sep2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၅:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။









