လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပူတာအိုခရိုင်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဖြစ်ပွား လာပါက ပြည်သူများအနေဖြင့် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိနားလည်ပြီး အသက်ဘေးအန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူ ဇာတ် တိုက်လေ့ကျင့်မှုများကို စက်တင်ဘာ(၁၁)ရက် မွှန်းလွဲှ(၂)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် အခြေ ခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲဖြစ်စဉ်များ၌ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ခြင်း၊ ပြိုပျက်နေအိမ် တိုက်တာအဆောက်အဦများတွင် ပိတ်မိပြည်သူများကို ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်ဆောင်ရွက်သည့် နည်းလမ်းများကို မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ခရိုင် /မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ/မများနှင့်ကျောင်းသားကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း(၁၀၈၇)တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#Unicode Version#
#ar
#kcn_sep2019
Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး(ဘစမ)