စက်တင်ဘာ ၁၁၊ နေပြည်တော်
ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉) ကို ယနေ့ နေ့လည်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဉက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏အောက်တွင် ဖွဲ့စည်းထားရှိသည့် လုပ်ငန်းကော်မတီ (၁၂) ခုအနက် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီအနေဖြင့် ရန်ပုံငွေရှာဖွေရေး၊ ထိန်းသိမ်းရေး၊ သုံးစွဲရေးလုပ်ငန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရန်ပုံငွေခွဲဝေသုံးစွဲမှုများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှ လှူဒါန်းမှုများ၊ နိုင်ငံ တကာတွင်ဖြစ်ပွားသည့်ဘေးများအတွက် လှူဒါန်းမှုများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် လျက်ရှိ ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ နိုင်ငံတော်မှ နှစ်စဉ်ကျပ် ဘီလီယံ (၂၀) ကိုထည့်သွင်းပါကြောင်း၊ ထို့အပြင် အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း ရန်ပုံငွေသို့ ထည့်သွင်းပါကြောင်း၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာစွာနှင့် အကျိုးရှိစွာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သုံးစွဲလျက်ရှိပါကြောင်း၊ အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ အခြားလုပ်ငန်းကော်မတီများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပါသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရန်ပုံငွေစာရင်းဖွင့်လှစ်ထားရှိမှုအခြေအနေ များ၊ အလှူငွေရရှိမှုအခြေအနေများ၊ သုံးစွဲမှုအခြေအနေများ၊ စာရင်းစစ်ဆေးမှုအခြေအနေများကို ရှင်းလင်းတင်ပြပါ သည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ရန်ပုံငွေသုံးစွဲမှုများနှင့်စပ်လျဉ်း၍ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပွင့်လင်းမြင်သာစွာသုံးစွဲဆောင်ရွက်မှုအခြေအနေများ၊ စနစ်တကျရှိစေရေး ဆောင်ရွက်မှုအခြေ အနေ များ၊ Southeast Asia Disaster Risk Insurance Facility (SEADRIF) နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသားကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_sep2019