လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၉) ရက်နေ့တွင် ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဋ္ဌာနတို့နှင့်အတူ ကော့ကရိတ်မြို့နယ်၊ အလက ရန်ကုတ်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသူသား/သူ စုစုပေါင်း (၁၅၀) ဦးတို့အား ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ဆူနာမီဘေးနှင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ပစ္စည်းများအကြောင်း အသိပညာပေးခြင်း၊ မြို့နယ်မီးသတ်ဋ္ဌာနမှ မီးဘေး၊ ငလျင်ဘေးအကြောင်း အရာ များကို သရုပ်ပြအသိပညာပေးခြင်း၊ ခရိုင်ပြန်/ဆက်ဋ္ဌာနမှ စာဖတ်ခြင်းနှင့် အကျိုးကျေးဇူးများအကြောင်း၊ လူကုန် ကူးမှုဆိုင်ရာအန္တရာယ်များအကြောင်း အသိပညာပေးခြင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဋ္ဌာနမှ အစား အသောက်နှင့် ပတ်သတ်၍ ရှောင်ရန်/ဆောင်ရန်များအကြောင်း အသိပညာပေးဟောပြောခြင်းများကို ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_sep2019