ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရန် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဂန့်ဂေါမြို့နယ်၊ ပျားကျေးရွာတွင် (၁၄-၉-၂၀၁၉) ရက်နေ့၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းလုပ်ဆောင်ရန်အတွက် ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

#fld_simex
#mgy_sep2019

Sign Up

Upcoming Events