Category Archives: News
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၉.၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်ပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀,ဝဝိ/-)၊ လူဦးရေ(၁၄)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၂၉,၄၀ဝိ/-)၊ စုစုပေါင်း(၃၂၉,၄၀ဝိ/-)အား (၁၆.၉.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mon_sep2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရွှေကျင်ဘုန်းတော်ကြီးကျောင်းတွင် (၁၅.၉.၂၀၁၉)ရက်နေ့တွင် ယာယီခိုလှုံနေထိုင်ရန် ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၃)စု၊ ကျား(၁၈)ဦး၊ မ(၃၀)ဦး၊ လူဦးရေ(၄၈)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာ ဆန်(၇)အိတ်အား (၁၆.၉.၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ စာနီစုကျေးရွာအုပ်စု၊ တာကလေးကျေးရွာ၌ (၉-၉-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် လေဘေးသင့် အမိုးလန်နေအိမ် (၁) လုံးမှ ဘေးသင့်လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀/-) ကျပ်တို့အား (၁၇-၉-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် မင်းလှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw … Read more
-
မိုးကြိုးဘေးထိဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးချိုင့်မြို့နယ်၊ ဆပ်ကျကျေးရွာအုပ်စု၊ ကိုးတဲကျေးရွာ၊ ညောင်ပင်စုရပ်တွင် (၁၅-၉-၂၀၁၉)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးထိမှန်သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ် အား (၁၆-၉-၂၀၁၉)ရက်နေ့တွင် ထီးချိုင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_sep 2019 Sourceး ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၁၆.၉.၂၀၁၉)ရက်နေ့ လွိုင်ကော်မြို့ အ.ထ.က(၇) ကျောင်းရှိ ကျောင်းသား / ကျောင်းသူ(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_sep2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်း ချောင်းကျေးရွာနှင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတို့၌ (၁၅-၉-၂၀၁၉) ရက်နေ့နှင့် (၁၆-၉-၂၀၁၉) ရက်နေ့တို့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သော အိမ်ခြေ (၂၃) လုံး၊ အိမ်ထောင်စု (၂၅) စု၊ လူဦးရေ (၁၀၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၂၈,၉၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂,၃၀၀,၀၀၀/-) ကျပ်တို့အား (၁၆-၉-၂၀၁၉) ရက်နေ့တွင် မြို့နယ်ဦးစီးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၆-၉-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုင်း အထက်တန်းကျောင်းတွင်း ကျောင်းသား/သူ (၂၅၀)ဦး၊ ဆရာ/မ (၁၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၉) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းကို အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးမှ သင်တန်း သားကိုယ်စားလှယ် (၂၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၆-၉-၂၀၁၉) ရက်နေ့မှ (၂၀-၉-၂၀၁၉) ရက်နေ့အထိ (၅) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Portland State University မှ ECI လုပ်ငန်းတာဝန်ရှိသူများလာရောက်တွေ့ဆုံမှုသတင်း
၁၆-၉-၂၀၁၉၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Portland State University မှ Early Intervention Program ၏ Program Coordinator ဖြစ်သူ Associate Professor, Dr. HollieHix-Small နှင့် ECI Team အဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ကလေး သူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မှုဝါဒနှင့်လုပ်ငန်းများ … Read more
-
မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း စာတမ်းမိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
စက်တင်ဘာ၁၆၊နေပြည်တော် မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှုများအား ဆန်းစစ် လေ့လာခြင်း စာတမ်းမိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ Royal Naypyitaw ဟိုတယ်၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တက်ရောက်အမှာစကားပြောကြားပါသည်။ ဒုတိယဝန်ကြီးကပြောကြားရာတွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှု များအား ဆန်းစစ်လေ့လာခြင်း စာတမ်းကိုမြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ နယ်သာလန်နိုင်ငံ သံရုံး၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် The Leporsy Mission Myanmar နှင့်ပူးပေါင်းကာမြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ ကြုံတွေ့ နေရသော မသန်စွမ်းမှုဆိုင်ရာအတားအဆီးများ၊ ခွဲခြားဆက်ဆံခံရမှုနှင့် အကျုံးဝင်ပါဝင်ခြင်းဆိုင်ရာအတွေ့အကြုံများ ကိုအခြေခံပြီး … Read more









