လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ စာနီစုကျေးရွာအုပ်စု၊ တာကလေးကျေးရွာ၌ (၉-၉-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် လေဘေးသင့် အမိုးလန်နေအိမ် (၁) လုံးမှ ဘေးသင့်လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀/-) ကျပ်တို့အား (၁၇-၉-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် မင်းလှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_sep2019