လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်း ချောင်းကျေးရွာနှင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတို့၌ (၁၅-၉-၂၀၁၉) ရက်နေ့နှင့် (၁၆-၉-၂၀၁၉) ရက်နေ့တို့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သော အိမ်ခြေ (၂၃) လုံး၊ အိမ်ထောင်စု (၂၅) စု၊ လူဦးရေ (၁၀၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၂၈,၉၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂,၃၀၀,၀၀၀/-) ကျပ်တို့အား (၁၆-၉-၂၀၁၉) ရက်နေ့တွင် မြို့နယ်ဦးစီးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mgy_sep2019