ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Portland State University မှ ECI လုပ်ငန်းတာဝန်ရှိသူများလာရောက်တွေ့ဆုံမှုသတင်း

၁၆-၉-၂၀၁၉၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Portland State University မှ Early Intervention Program ၏ Program Coordinator ဖြစ်သူ Associate Professor, Dr. HollieHix-Small နှင့် ECI Team အဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ကလေး သူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မှုဝါဒနှင့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကလေးသူငယ်များမသန်စွမ်းဖြစ်ပွားမှုကြိုတင် ကာကွယ်နိုင်ရန်အတွက် မသန်စွမ်းဖြစ်ခြင်းကို ကြိုတင်သိရှိနိုင်ပြီး ကာကွယ်ကုသပေးနိုင်သော Early Childhood Intervention (ECI) လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရေး၊ ECI လုပ်ငန်းအတွက်လိုအပ်သော ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ECI Team က မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရေဘေးကြောင့်ပျက်စီးသွားသော ECI လုပ်ငန်း အကောင်အထည်ဖော်ရာတွင်အသုံးပြုသည့် အဆောက်အဦကို ပြုပြင်ရန် ငွေကျပ် (၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_sep2019

Source: MOSWRR

Sign Up

Upcoming Events