လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရွှေကျင်ဘုန်းတော်ကြီးကျောင်းတွင် (၁၅.၉.၂၀၁၉)ရက်နေ့တွင် ယာယီခိုလှုံနေထိုင်ရန် ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၃)စု၊ ကျား(၁၈)ဦး၊ မ(၃၀)ဦး၊ လူဦးရေ(၄၈)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာ ဆန်(၇)အိတ်အား (၁၆.၉.၂၀၁၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_sep2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)