Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၀-၂၀၁၉)ရက်နေ့၊ (၁၈:၃၀) နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ပိုင်းကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၉၀,၀၀၀)ကျပ်၊ လူဦးရေ(၃)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်း (၉၆,၃၀၀)ကျပ်အား (၁၀-၁၀-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mon_oct2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၀-၂၀၁၉)ရက်နေ့၊ (၁၄:၀၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀)ကျပ်၊ လူဦးရေ(၁၀)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုးငွေ(၂၁,၀၀၀)ကျပ်၊ စုစုပေါင်း(၂၂၁,၀၀၀)ကျပ်အား (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် သထုံခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mon_oct2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၁၉) ရက်နေ့(၁၇:၀၀)နာရီအချိန်၌ ကလေးမြို့၊ရာဇဂြိုလ်ကျေးရွာတွင် ဘောလုံးကွင်းအတွင်း မောင်ထန်လမ်ပြောင်သည် အနားယူနေစဥ် မိုးကြိုးပစ်ခံရ၍ သေဆုံးသူတစ်ဦးတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ်ကို (၁၁-၁၀-၂၀၁၉)ရက်နေ့ (၀၈:၃၀)နာရီအချိန်တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ရုံးခန်း၌ အုပ်ချုပ်ရေးမှူးနှင့်အတူ ထောင်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_oct2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အာရှနှင့်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Mr. Indrika Ratwatte နှင့် တွေ့ဆုံ
အောက်တိုဘာ ၁၁ ဂျီနီဗာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အမှုဆောင်ကော်မတီအစည်းအဝေး တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသညွှန်ကြားရေးမှူး Mr. Indrika Ratwatte နှင့် (၁၀-၁၀-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဖွဲ့ရုံး၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် UNHCR အနေဖြင့် ရခိုင်ပြည်နယ်တွင် ထိရောက်မှုမြန်ဆန်သည့် စီမံကိန်း (Quick Impact Project – … Read more
-
ခရီးသည်တင်ယာဉ်မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်း၊ သဲပုံဆိပ်ဆိပ်ကမ်းတွင် (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် အောင်ချမ်းသာ (၁)ခရီးသည်တင်ယာဉ် မီးလောင်မှုကြောင့် သေဆုံးသွားသူ (၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃) ဦးအတွက် (၁၀-၁၀-၂၀၁၉) ရက်နေ့ ညနေ(၁၈:၃၀)အချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဘေးသင့်ပြည်သူများမိသားစုဝင်များထံ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_oct2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒုတိယဝန်ကြီး ဦးစိုးအောင် မြင်းခြံခရိုင်အတွင်း လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
အောက်တိုဘာ ၁၀၊ မြင်းခြံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး မိဘဆရာအသင်း တာဝန်ရှိသူများ၊ မူလတန်းကြိုကျောင်းအုပ်နှင့်ဝန်ထမ်းများအား တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ကလေးများ ပြုစုစောင့်ရှောက်ရာတွင် ဘက်စုံဖွံ့ဖြိုးအောင်ပြုစုစောင့်ရှောက်သွားကြရန်၊ သင်ကြား နည်းစနစ် များကိုလည်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းစနစ်များနှင့် အညီပြုစုစောင့်ရှောက်သွားရန်၊ သင်ကြားမှုနည်းစနစ်များကိုလည်း ခေတ်နှင့်လျော်ညီမှုရှိစေရန် စဉ်ဆက်မပြတ်လေ့လာသင်ယူသွားကြရန် ကလေးများ၏ တစ်နေ့တာအာဟာရ ကွျွေးမွေးမှု နှုန်းထားမှာ ယခင် ၃၅၀-ကျပ် သာနိုင်ငံတော်မှ … Read more
-
#hl1 #szl_oct2019 ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ရောက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအဖွဲ့အစည်း အကြီးအကဲများနှင့် တွေ့ဆုံ
အောက်တိုဘာ ၁၀ ဂျီနီဗာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာလ (၇)ရက်မှ (၁၁)ရက်နေ့အထိ ကျင်းပ နေသော အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အမှုဆောင် ကော်မတီအစည်းအဝေးတွင် ပါဝင်တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဌတို့နှင့်တွေ့ဆုံခဲ့ပါသည်။ (၈-၁၀-၂၀၁၉) နေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Filippo Grandi နှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ချရေးနေ့အကြိုလှုပ်ရှားမှုအနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အကြိုလှုပ်ရှားမှုအနေဖြင့် (၁၀-၁၀-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်မြိုင်မြို့၊ စျေးကြိုကား ဝင်းနှင့် ကမ်းနားလမ်းအောက်စျေးတွင် နံနက် (၇:၀၀) နာရီမှ (၁၁:၀၀)နာရီ အထိ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းနှင့် ပဟေဠိမေးခွန်းအမေးဖြေများမေးမြန်းခြင်းဖြင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ Source: မွန်ပြည်နယ်ဉီးစီးမှူးရုံး (ဘစမ) #mon_oct2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဥယျာဉ်စုကျေးရွာတွင် (၃-၁၀-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၅၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၆၃)ဦးအတွက် ဆန္ရိကၡာ(၇)ရက္စာဖိုးေထာက္ပံ့ေငြ (၁၃၂,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၆၃၂,၃၀၀/-)ကျပ်အား (၁၀-၁၀-၂၀၁၉)ရက်နေ့ (၁၄:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_rbe #mgy_oct 2019
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၉) ရက်နေ့(၁၈:၃၀)နာရီအချိန်၌ မော်လမြိုင်မြို့၊ နောင်ခရီရပ်ကွက်တွင် ဖြစ်ပွားခဲ့သောမိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်ကို (၁၀-၁၀-၂၀၁၉)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် သွားရောက်ထောင်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mon_oct 2019









