Category Archives: News
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++++++ “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် (၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++++++ “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် (၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါ သည်။”
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၁၉) ရက်နေ့တွင် အုပ်စု(၂) စု(စစ်ကုန်း၊ ခွေးတောက်ချောင်း) ကျေးရွာခွဲ(၂)ရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သောနေအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၆၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၁၆) စုမှ လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဖိုးငွေ (၁၂၆၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၂၆၀၀၀/-) ကျပ်ကိုလည်းကောင်း၊ (၂၁-၁၀-၂၀၁၉ ) ရက်နေ့တွင် သက္ကယ်တန်းအုပ်စု၊ ရွှေဝါထွန်းကျေးရွာ၌ … Read more
-
ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန် အလှူငွေများ လက်ခံရရှိ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေများကို လက်ခံခဲ့ပါသည်။ ရှေးဉီးစွာ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဟန့်တားနှောက်ယှက်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ခြင်း၊ ကြိုတင် ကာကွယ်ခြင်းနှင့် ဖြစ်ပွားပါက အလျင်အမြန်တုန့်ပြန်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အလျင်အမြန်ဆောင်ရွက်လျက်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဒေသတစ်ခုခု၌ ပြည်သူများ ဘေးအန္တရာယ်တစ်ခုခုကျရောက် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ နန်းရာကုန်းကျေးရွာအုပ်စု၊ သံခြေကျေးရွာတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၂၉) စု၊ လူဦးရေ (၉၇) ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ဆန် (၁၄) အိတ်၊ (၃) ပြည်၊ (၄) ဘူးတို့အား (၂၂-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_oct2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီး ကျေးရွာ၌ (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-) ကျပ်တို့ကိုလည်းကောင်း၊ (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သာဒုချောင်းအုပ်စု၊ သာဒုချောင်းကျေးရွာ၌ ပြိုလဲအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာတို့ကိုလည်းကောင်း … Read more
-
အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၁၀-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်ခရိုင်၊ ဘော်ကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ၊ ရတနာပုံဘုန်းကြီးကျောင်းဓမ္မာရုံ၌ မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ရာ ရွာသူ/သား (၁၀၅) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဦးစီးဌာန၏ ရည်ရွက်ချက်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ မိုးဟောက် ကျေးရွာအုပ်စု၊ ဆင်တဲကုန်ကျေးရွာတွင် (၁၈-၁၀-၂၀၁၉) ရက်နေ့၌ လောင်ကျွမ်းမှုဖြစ်ပွားခဲ့သော မီးဘေးအတွက် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက်ငွေ (၄၁၅၅၃/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ် ရေးပစ္စည်း (၂၁) မျိုး (၁) အိမ်ထောင်စုစာနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၆၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းအုပ်စု၊ ဘန့်ဘွေးကုန်း ကျေးရွာ၌ (၁၇-၁၀-၂၀၁၉) နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်တို့ကို (၂၂-၁၀-၂၁၀၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ လယ်တီအုပ်စု၊ အင်းမကျေးရွာ၌ (၁၇-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်ကို (၂၂-၁၀-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_oct2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)









