ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

22 _ Pic _ 03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီး ကျေးရွာ၌ (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-) ကျပ်တို့ကိုလည်းကောင်း၊ (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သာဒုချောင်းအုပ်စု၊ သာဒုချောင်းကျေးရွာ၌ ပြိုလဲအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာတို့ကိုလည်းကောင်း (၂၂-၁၀-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ha_sgw

#ayy_oct2019

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events