လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းအုပ်စု၊ ဘန့်ဘွေးကုန်း ကျေးရွာ၌ (၁၇-၁၀-၂၀၁၉) နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်တို့ကို (၂၂-၁၀-၂၁၀၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_oct2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)