လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၁၉) ရက်နေ့တွင် အုပ်စု(၂) စု(စစ်ကုန်း၊ ခွေးတောက်ချောင်း) ကျေးရွာခွဲ(၂)ရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သောနေအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၆၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၁၆) စုမှ လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဖိုးငွေ (၁၂၆၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၂၆၀၀၀/-) ကျပ်ကိုလည်းကောင်း၊ (၂၁-၁၀-၂၀၁၉ ) ရက်နေ့တွင် သက္ကယ်တန်းအုပ်စု၊ ရွှေဝါထွန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရသောနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၃၉၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၃၉၉၀၀/-) ကျပ် တို့အား (၂၂-၁၀-၂၁၀၉) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ် သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2019
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)