Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃၁-၁၀-၂၀၁၉)ရက်နေ့ (၁၈:၀၀)အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်မြင်သာကျးရွာအုပ်စု၊ ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၆၂,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၀,၄၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၂,၄၀၀) ကျပ်တို့အား လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါ သည်။ #ha_sgw #npw_nov2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ လေးအိမ်တန်းကျေးရွာ၊ ပွေလီကုန်း ကျေးရွာ၌ (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျနေအိမ် (၃) လုံးနှင့် အမိုးလန်နေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၁၂,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀၀/-)ကျပ်၊ ပြိုလဲနေအိမ်ရှိပြည်သူများအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့ကို (၁-၁၁-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_nov2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကချင်ပြည်နယ်အတွင်း ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်တွင် ပါဝင်နိုင်စေရန်အတွက် ကိုယ်ထူကိုယ်ထ စီးပွားရေးလုပ်ငန်းများအားပံ့ပိုးခြင်းအစီအစဉ်အား ကျင်းပပြုလုပ်မှု သတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဒိန်းမတ်လူမူရေးအဖွဲ့အစည်း (DRC/DDG) တို့ပူးပေါင်း၍ ကချင် ပြည်နယ်အတွင်း ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်တွင် ပါဝင်နိုင် စေရန်အတွက် ကိုယ်ထူကိုယ်ထ စီးပွားရေးလုပ်ငန်းများအားပံ့ပိုး ခြင်းအစီအစဉ်အား ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့တော်ခန်းမ၌ (၁-၁၁-၂၀၁၉) ရက်နေ့တွင်၊ ဗန်းမော်ခရိုင် ဒု-ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင် ရီာမံခန့်ခွဲမှုးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီ မာမှ အမှာစကားပြောကြားခြင်း၊ ဒိန်းမတ်လူမူရေးအဖွဲ့အစည်း (DRC/DDG) ၏ တာဝန်ခံကိုကိုယ်စားလှယ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာ (၃၀) ရက်နေ့တွင် ဘိုကလေးမြို့၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့မှုကြောင့် ဘေးသင့်မျောပါပျက်စီးအိမ်ခြေ (၁) လုံး အတွက်အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့ကို အောက်တိုဘာလ (၃၁) ရက်နေ့တွင်သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၁၉) မှ (၂၂-၁၀-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေတိုက်းစားမှု ကြောင့် ငါးလန်ကျေးရွာအုပ်စု ငါးလန်ကျေးရွာ၊ နွယ်နီကျေးရွာအုပ်စု နွယ်နီကျွန်းကျေးရွာ၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာနှင့် ကွေ့ထောင့်ကျေးရွာအုပ်စု ကွေ့ထောင့်ကျေး ရွာတို့တွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃၄) အိမ်၊ အိမ်ထောင်စု (၃၉) စုမှ လူဦးရေ (၁၆၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၄၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၄၂၃၀၀/-) ကျပ်တို့အား (၃၁-၁၀-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်းရေးဌာနအစည်းအဝေးခန်းမတွင် … Read more
-
တီးတိန်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တီးတိန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်စု စာရေးများ စုစုပေါင်း (၁၄၀) ဦးခန့်အား မိမိတို့ ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအပေါ် ကူည်ီကယ်ဆယ် ထောက်ပံ့ပေးမှုများအကြောင်းနှင့် အဘက်ဘက်မှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။ #chn_nov2019 Source: တီးတိန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြ ခရိုင်၊ ဝါးခယ်မမြို့နယ်၊ ထိတန်ကျေးရွာအုပ်စု၊ မကျီးတန်းကျေးရွာတွင် (၂၇-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀၀/- ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၁-၁၁-၂၀၁၉)ရက်နေ့၊ (၁၀:၀၀) နာရီချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနား မြို့နယ်၊ စီတာပူရပ်ကွက်၊ ကောင်ရာနယ်မြေတွင် (၂၈-၁၀-၂၀၁၉) ရက်နေ့ဖြစ် ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၀၀/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင် စု (၁) စုစာတို့အား (၃၁-၁၀-၂၀၁၉) … Read more
-
ထူးခြားမိုးလေဝသအခြေအနေသတင်း(အမှတ်စဉ်(၀၂/၂၀၁၉))
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++++++++++++++ ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၂/၂၀၁၉) +++++++++++++++++++++++++++++ (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ် အားလျော့သွားခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက် ရှိပါသည်။ သတိပေးနှိုးဆော်ချက် ++++++++++++ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ … Read more
-
ထူးခြားမိုးလေဝသအခြေအနေသတင်း
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်၊ မြန်မာစံတော်ချိန် (၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++++++++++++++++ ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၁/၂၀၁၉) +++++++++++++++++++++++++++++++ (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် ထိုင်းနိုင်ငံ၊ စီစကက်မြို့(Sisaket)၏ အရှေ့တောင်ဘက် မိုင်(၈၀)ခန့်အကွာတွင် ဗဟိုပြုနေပါသည်။ အဆိုပါကုန်းတွင်း မုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် +++++++++++++ (က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် ယနေ့ညမှ … Read more









