Category Archives: News
-
အားကောင်းသော မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်) (မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++++ (က) အားကောင်းသော မုန်တိုင်းငယ်အခြေအနေ +++++++++++++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့(Maya Bandar) (ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာ အုပ်စု၊ ဒိုးတန်းကျွေးရွာနှင့် နောင်ဘိုကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးမှပြိုလဲနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုလဲနေအိမ် (၃) လုံးနှင့် အမိုးလန်နေအိမ် (၂) လုံးရှိ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၃၃,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀) ကျပ်နှင့်ပြိုလဲနေအိမ် … Read more
-
ကနီမြို့နယ်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ (၆-၁၁-၂၀၁၉) ရက်နေ့တွင် ကနီမြို့နယ်ဦးစီးမှူးရုံးကိုဖွင့်လှစ်ခဲ့ရာ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၃၅) ဦးတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူ (၁) ဦးက ရုံးဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_nov2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဒုတိယဝန်ကြီးဦးစိုးအောင်အား FAO Myanmar မှ ဌာနေကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ
နိုဝင်ဘာ ၅ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား FAO Myanmar မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Xiaojie Fan ဦးဆောင်သော အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသောဒေသများတွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး စားနပ်ရိက္ခာဖူလုံမှု၊ စိုက်ပျိုးရေးနှင့် ထိခိုက်လွယ်မှုများအား လေ့လာဆန်းစစ်မှု အခြေအနေများ၊ သဘာဝဘေးဒဏ်ခံနိုင်သော သီးနှံမျိုးစေ့များ သုတေသနပြုလုပ်နိုင်ရေး၊ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကြောင့် ပိုမိုများပြားလာသော သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အုပ်ရှစ်ကွင်းအပ်စု၊ ရွာခွဲ(၆)ရွာနှင့် ဂျမ်းတိုက်အုပ်စုဘုရားကြီးကျေးရွာတွင် (၃၁-၁၁-၂၀၁၉) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၃၀,၀၀ဝ) ဘေးသင့်လူဦးရေ(၄၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၉၄,၅၀ဝ)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၂၄,၅၀ဝ) ကျပ်ကို ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် (၅-၁၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_nov2019 Source: … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်) (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++ (က) မုန်တိုင်းငယ်အခြေအနေ ++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့(Maya Bandar) (ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၁၈၀)မိုင်ခန့်၊ ပါရာဒစ်ပ် မြို့(Paradip)(ဩရိဿ-Odisha)၏ အရှေ့တောင်ဘက် ရေမိုင် (၄၆၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့(Pathein)၏ … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်) (မြန်မာစံတော်ချိန်(၂၃:၃၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++++++ (က) မုန်တိုင်းငယ်အခြေအနေ ++++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၂၃:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့(Maya Bandar)(ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၁၆၅)မိုင်ခန့်၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ အရှေ့တောင်ဘက် ရေမိုင်(၄၇၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင်(၂၀၀)မိုင် ခန့်နှင့် ပုသိမ်မြို့(Pathein)၏ … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်) (မြန်မာစံတော်ချိန်(၁၈:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++++++++++ (က) မုန်တိုင်းငယ်အခြေအနေ +++++++++++++++++++ (၁) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့(Maya Bandar)(ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်၊ ပါရာ ဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ အရှေ့တောင်ဘက် ရေမိုင်(၄၉၀)မိုင်ခန့်၊ မြန်မာ နိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင်(၁၇၀)မိုင် … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဉတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉) ရက်နေ့ (၁၈:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်း ကျည်တောင်ကျေး ရွာအုပ်စု၊ ကံဦးကျေးရွာ၊ သစ်တပ်ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၊ သစ်တပ်ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၈)လုံး နှင့် ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၉၇,၂၀၀) ကျပ်၊ ဘေးသင့် လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၉၈၇၀၀) ကျပ် စုစုပေါင်း ရန်ပုံငွေ (၃၉၅,၉၀၀) ကျပ်တို့အား (၅-၁၁-၂၀၁၉) … Read more
-
ကျောင်းအခြေပြုသဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၉) ရက်နေ့တွင် (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ မော်လမြိုင်မြို့ရှိ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအခြေပြုသဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း တို့ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများအင်အား (၃၆၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









