
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အုပ်ရှစ်ကွင်းအပ်စု၊ ရွာခွဲ(၆)ရွာနှင့် ဂျမ်းတိုက်အုပ်စုဘုရားကြီးကျေးရွာတွင် (၃၁-၁၁-၂၀၁၉) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၃၀,၀၀ဝ) ဘေးသင့်လူဦးရေ(၄၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၉၄,၅၀ဝ)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၂၄,၅၀ဝ) ကျပ်ကို
ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် (၅-၁၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)