လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

5_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဉတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉) ရက်နေ့ (၁၈:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်း ကျည်တောင်ကျေး ရွာအုပ်စု၊ ကံဦးကျေးရွာ၊ သစ်တပ်ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၊ သစ်တပ်ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၈)လုံး နှင့် ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၉၇,၂၀၀) ကျပ်၊ ဘေးသင့် လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၉၈၇၀၀) ကျပ် စုစုပေါင်း ရန်ပုံငွေ (၃၉၅,၉၀၀) ကျပ်တို့အား (၅-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) အချိန်တွင် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။ 

#ha_sgw
#npt_nov2019

Source: ဉတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events