
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာ အုပ်စု၊ ဒိုးတန်းကျွေးရွာနှင့် နောင်ဘိုကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးမှပြိုလဲနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုလဲနေအိမ် (၃) လုံးနှင့် အမိုးလန်နေအိမ် (၂) လုံးရှိ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၃၃,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀) ကျပ်နှင့်ပြိုလဲနေအိမ် (၃) လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) အိမ်ထောင်စု (၃) စုစာအတွက်တန်ဖိုးငွေ (၁၀၄,၂၅၉) ကျပ်အား (၆-၁၁-၂၀၁၉) ရက်နေ့တွင် ရေတာရှည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)