နိုဝင်ဘာ ၅ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား FAO Myanmar မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Xiaojie Fan ဦးဆောင်သော အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသောဒေသများတွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး စားနပ်ရိက္ခာဖူလုံမှု၊ စိုက်ပျိုးရေးနှင့် ထိခိုက်လွယ်မှုများအား လေ့လာဆန်းစစ်မှု အခြေအနေများ၊ သဘာဝဘေးဒဏ်ခံနိုင်သော သီးနှံမျိုးစေ့များ သုတေသနပြုလုပ်နိုင်ရေး၊ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကြောင့် ပိုမိုများပြားလာသော သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာကိစ္စများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးနည်းပညာသင်တန်းများ၊ လိုအပ်သောစိုက်ပျိုးရေးပစ္စည်းများနှင့် မျိုးစေ့များပံ့ပိုးနိုင်ရေး အစရှိသည့်နယ်ပယ်များတွင် FAO နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အသေးစိတ်စီမံချက်ဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဆင့်တွေ့ဆုံညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#hl2
#npw_nov2019
Source: MOSWRR