Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၊ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ကျပ်အား (၁၄-၁၁-၂၀၁၉) ရက်နေ့ (၁၀:၁၅) နာရီအချိန်တွင် အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့်အတူ ဘေးသင့်ဘုန်းတော်ကြီးကျောင်းထံသို့ လက်၀ယ်အ ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #bgo_nov2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်သူလူထုတွေ့ဆုံပွဲ၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အဆင့်အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပိဿာကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ၌ (၁၃-၁၁-၂၀၁၉)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကျေးရွာနေပြည်သူများ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ ပြည်သူလူထုတွေ့ဆုံပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ayy_nov2019 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၃-၁၁-၂၀၁၉ )ရက်နေ့ နေ့လည် (၁၃:၀၀) မှ (၁၄:၃၀) အထိ မိုင်းပျဉ်းမြို့နယ် အလယ်ပိုင်းရပ်ကွက်၊ စွန်တောင်းကျေးရွာ၊ လူဦးရေ (၇၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေး နွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။ #ha_ar #shn_nov2019 … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၉) ရက်နေ့ တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အ.ထ.က (၂) ၌ ကျောင်းသား/ကေျာင်းသူဦးရေ (၄၀၀) အား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ar #mon_nov2019 source: မွန်ပြည်နယ်ဦးစီးမှုးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၌ (၁၁-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု(၁)စုစာတို့ကို (၁၃-၁၁-၂၀၁၉) ရက်နေတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_fir #mgy_nov2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် လာရောက်တွေ့ဆုံ
နိုဝင်ဘာ ၁၃ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် “ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ” ကို အတည်ပြုပြီးစီး၍ (၁၉.၁၁.၂၀၁၉) နေ့တွင် တရားဝင်မိတ်ဆက်ဖြန့်ချိမည့် အခြေအနေ၊ ပထမအဆင့်အနေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာအချို့၌ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဦးစွာစတင်မည့်အခြေအနေ၊ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ (၁၀-၁၁-၂၀၁၉) ရက်နေ့၊ (၀၁:၁၅)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် (သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း) နေအိမ်(၆)လုံး၊ (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၂၆)ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၃၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၈)အိမ်ထောင်စုစာတို့ကို (၁၃-၁၁-၂၀၁၉) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့ အနောက်ရပ်ကွက်၌ မီးဘေးသင့်အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၁) ဦးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၃,၁၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးအိမ်ထောင်စု (၂) စုစာနှင့် ပလပ်စတစ် ပုံးလက်ကိုင်ပါ(၂) ပုံးတို့အား (၁၃-၁၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထေွထေွအုပ်ချုပ်ရေးဦးစီးဌာနနဲ့ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရသည်။ #ha_fir #chn_nov2019 … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၉) ရက်နေ့တွင် နံနက် (၉:၀၀) မှ (၁၀:၃၀) အထိ မိုင်းပျဉ်းမြို့နယ် ပိန်းဆန်းရပ်ကွက် ဟွေဝမ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေးရှစ်မျိုး ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ကာ လူဦးရေ (၈၀) ဦးခန့်တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်တွင်းလူငယ်မိတ်သဟာရအဖွဲ့တိုင်းရင်းသားလူငယ်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်
နိုဝင်ဘာ ၁၂၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မင်းဓမ္မလမ်းရှိ Myanmar Convention Centre ၌ ကျင်းပပြုလုပ်သော Internal Youth Fellowship -IYF မှ ကြီးမှူးကျင်းပသော တိုင်းရင်းသားလူငယ်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ Internal Youth Fellowship ၏ Founder Dr. Ock Soo Park (အုပ်ဆွန်းပတ်) နှင့်တွေဆုံခဲ့ပြီး လူငယ်များနှင့်ပတ်သက်ပြီး Mind Education ဆောင်ရွက် … Read more









