ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် လာရောက်တွေ့ဆုံ

14_Pic_01

နိုဝင်ဘာ ၁၃ ၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် “ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ” ကို အတည်ပြုပြီးစီး၍ (၁၉.၁၁.၂၀၁၉) နေ့တွင် တရားဝင်မိတ်ဆက်ဖြန့်ချိမည့် အခြေအနေ၊ ပထမအဆင့်အနေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာအချို့၌  ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဦးစွာစတင်မည့်အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ် (၃)ခု အတွက် စီမံကိန်း(၃၇)ရပ် ဖော်ထုတ်ထားပြီး ၎င်းတို့အနက်မှ ဦးစားပေးစီမံကိန်း(၇)ခု ဆောင်ရွက်ရေး ကိစ္စများ၊ ၂၀၁၇ ခုနှစ်မှစတင်၍ ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ်(UNDP) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် မတည်ငြိမ်ဖြစ်မှုများကြောင့် လုပ်ငန်းနှောင့်နှေးနေခဲ့သော “ရခိုင်ပြည်နယ် ပူးတွဲလေ့လာဆန်းစစ်မှု အစီအရင်ခံစာအကျဉ်း” ထုတ်ပြန်နိုင်မှုအခြေနေများ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်သို့ သွားရောက်နိုင်ရေးနှင့် လုံခြုံရေးအခြေအနေအရ အကန့်အသတ်ရှိမှု အနေအထားများ၊ ကော့ဘဇားသို့ အာဆီယံအပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ရေး အစီအစဉ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအား လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီသို့ တင်ပြထားမှုများ ဆွေးနွေးပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သတင်းအချက်အလက်များ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေမည့် နည်းလမ်းများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဆွေးနွေးညိုနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_nov2019

Source:         MOSWRR

 

Sign Up

Upcoming Events