မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ (၁၀-၁၁-၂၀၁၉) ရက်နေ့၊ (၀၁:၁၅)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် (သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း) နေအိမ်(၆)လုံး၊ (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၂၆)ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၃၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၈)အိမ်ထောင်စုစာတို့ကို (၁၃-၁၁-၂၀၁၉) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_nov2019

Source:           ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events