သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၉) ရက်နေ့တွင် နံနက် (၉:၀၀) မှ (၁၀:၃၀) အထိ မိုင်းပျဉ်းမြို့နယ် ပိန်းဆန်းရပ်ကွက် ဟွေဝမ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ ဟောပြောပွဲတွင်  ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေးရှစ်မျိုး ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ကာ လူဦးရေ (၈၀) ဦးခန့်တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_nov2019

Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events