Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက် နေ့တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အ.ထ.က (၄) ကျောင်း၌ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအချိန်ထိ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများအား ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူ အင်အား (၄၅၀) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ ဇီးပြားကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ (၁၉-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ ကျောင်းသား/သူ (၉၁) ဦး၊ ဆရာ/ဆရာမ (၁၂) ဦး၊ ကျေးရွာသူ/သား (၅၅) ဦး၊ စုစုပေါင်း (၁၅၈) ဦး တို့အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီမှ (၃:၀၀) နာရီအထိ မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ခြင်ထောင်ကျေးရွာတွင် လူဦးရေ (၁၄၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့် ဆိုင်သော အသိပညာများ ဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2019 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာအုပ်စု၊ ဘာထန်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၇၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့ (၁၀:၃၀) နာရီ အချိန်၌ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာရှိအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၅) ဦးတို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာ၌ (၁၇-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်ကို (၁၈-၁၁-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_nov2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင် စုကျေးရွာအုပ်စု၊ စိုက်ပျိုးရေးရုံးဟောပြောခန်းမ၌ ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့်အတူ ကျေး ရွာသူ / သား (၁ဝ၀)ဦး အား ( ၁၁: ၀၀ ) နာရီအချိန်မှ( ၁၂: ၃၀ )နာရီအချိန်ထိ သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန် / ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ မီး၊ ရေ၊ လေ၊ … Read more
-
Community Shelter ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအားကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာတွင် တည်ဆောက်ပြီးဖြစ်သော Community Shelter အား ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၅၀%) ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မြို့နယ်အဆင့်ကြီးကြပ်ဆောင်ရွက်ရေးအဖွဲ့ နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #otr #bgo_nov2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့၊ (၁၀:ဝ၀)နာရီမှ (၁၁:၃၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သိမ်ဇရပ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဆိပ်ကမ်းသာဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
School Cum Shelter တည်ဆောက်နေမှုကိုသွားရောက်ကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ (၁၉-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၀၀)အချိန်တွင် လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ရေဝေကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော School Cum Shelter (၅၀%) တည်ဆောက်ပြီးစီးမှုအခြေအနေကို သွားရောက်စစ်ဆေးကြည့်ရှုခဲပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_nov2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)









