
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီမှ (၃:၀၀) နာရီအထိ မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ခြင်ထောင်ကျေးရွာတွင် လူဦးရေ (၁၄၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့် ဆိုင်သော အသိပညာများ ဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_nov2019
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)