
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ ဇီးပြားကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ (၁၉-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ ကျောင်းသား/သူ (၉၁) ဦး၊ ဆရာ/ဆရာမ (၁၂) ဦး၊ ကျေးရွာသူ/သား (၅၅) ဦး၊ စုစုပေါင်း (၁၅၈) ဦး တို့အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#mgy_nov2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)