လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာ၌ (၁၇-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်ကို (၁၈-၁၁-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_nov2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)