သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

 

19_Pic_04

လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင် စုကျေးရွာအုပ်စု၊   စိုက်ပျိုးရေးရုံးဟောပြောခန်းမ၌  ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့်အတူ ကျေး ရွာသူ / သား (၁ဝ၀)ဦး အား ( ၁၁: ၀၀ ) နာရီအချိန်မှ( ၁၂: ၃၀ )နာရီအချိန်ထိ သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန် / ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ မီး၊ ရေ၊ လေ၊ ငလျင်ပိုစတာများ၊ မီး၊ ရေ၊ မိုးကြိုး၊ မုန်တိုင်းဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင် ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar

#bgo_nov2019

source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events