Category Archives: News
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ အ.ထ.က (မုက္ကဒိ) ကျောင်း၌ ကျောင်းသား/ သူ (၃၀၀) တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_nov2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၂၈-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က (ကုန်းသာ) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၂၅) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ပါကြေင်း သတင်းရရှိပါသည်။ #ar #Kyh_nov2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ အ.ထ.က(၂) ကျောင်းခန်းမ၌ (၂၈-၁၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းအတွင်း တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး (၂၉-၁၁-၂၀၁၉) ရက်နေ့တွင်လည်း အဆိုပါသင်တန်းကို ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သီးနှံဖျက်ပိုးကျရောက်မှုကြောင့်စပါးများပျက်စီးမှုကြုံတွေ့ခဲ့ရသောပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမူးရုံးမှတာဝန်ရှိသူများသည် ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ် ပန်နန်းဒင်မြို့ရှိ မြို့မရပ်ကွက်၊ အလိအောင်ကျေးရွာ၊ ဒဇူလောင်ကျေးရွာ၊ ဂဝါကျေးရွာနှင့် ဂဝိုင်ကျေးရွာတို့၌ စိုက်ပျိုးထားသော တောင်ယာစပါးများတွင် ရိုးရိုးငမြှောင်ဖျက်ပိုးများကျရောက် မှုကြောင့် သီးနှံများပျက်စီးမှုကြုံတွေ့ခဲ့ရသော လူဦးရေ (၃၅၀) ဦးတို့အား ဆန်ရိက္ခာ (၁) လစာအတွက် ဆန်အိတ် (၁၀၉) အိတ်၊ (၉) ပြည်အား (၂၅-၁၁-၂၀၁၉) နေ့တွင် မြို့အုပ်ချုပ်ရေးမှူးတို့နှင့် အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_otr #kcn_nov2019 Source: ပူတာအိုခရိုင်ဦးစီးမူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၌ ရွာသူ/ရွာသား (၁၀၀) ဉီးခန့်ကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခြင်း၊ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ပေကျင်း+၂၅ ပြန်လည်သုံးသပ်မှုဆိုင်ရာ အာရှ-ပစိဖိတ် ဝန်ကြီးများအဆင့်ညီလာခံသို့ တက်ရောက်အမှာ စကားပြောကြား
နိုဝင်ဘာ ၂၈ ၊ ဘန်ကောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်သည့် ကျား/မ တန်းတူညီမျှရေးအတွက် ပေကျင်းကြေငြာချက်(၂၅)နှစ်ပြည့် ပြန်လည် သုံးသပ်မှုဆိုင်ရာ အာရှ-ပစိဖိတ် ဝန်ကြီးများအဆင့်ညီလာခံသို့တက်ရောက်၍ ယနေ့နံနက်ပိုင်းတွင် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲရေးတွင် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ပါဝင်ခွင့် ရရှိရေးနှင့်ပြုပြင်ပြောင်းလဲမှု၏ အကျိုးခံစား နိုင်ရေးမှာ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျား/မ အခြေပြု အကြမ်းဖက်မှုများ ပပျောက်နိုင်ရေးအတွက် လိုအပ်သည့် မူဝါဒများ၊ ဥပဒေများချမှတ်၍ အကာအကွယ်ပေးနေသကဲ့သို့ ကျား/မအခြေပြု … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ အ-ထ-က(၂)ကျောင်း၌ (၂၈-၁၁-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်မှ (၁၅:၀၀)နာရီအချိန်ထိ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း (၆၅၀) ဦးခန့့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ရှိ သာသနာ့ဗိမ္မာန်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ (အခမဲ့) သင်တန်းတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေးနှင့်ပက်သက်သည့်ဆောင်ရန်၊ ရှောင်ရန် အချက်များ နှင့် DAN Mobile application အား (၂၈-၁၁-၂၀၁၉) ရက်နေ့ (၁၃:ဝဝ) နာရီမှ (၁၅:၀၀) နာရီထိ သင်တန်းသူ၊ သင်တန်းသား (၃၀) ဦးအား ဆွေးနွေးပို့ချခဲ့ပါကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ရွှေဟင်္သာခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၄/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သင်တန်းသား/ သူစုစုပေါင်းအင်အား (၇၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၇-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၃၀) ဦး ဖြင့်ဖွင့်လှစ်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ ဇမ္မူသီရိမြို့နယ်၊ အ.ထ.က(၉)စာသင်ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၆၀၀) ဦးကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ငလျင်ဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ar_eqk #npw_nov2019 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)









