သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

28_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ရွှေဟင်္သာခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၄/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သင်တန်းသား/ သူစုစုပေါင်းအင်အား (၇၀) ဦးတက်ရောက်ခဲ့ပါသည်။  အဆိုပါသင်တန်းကို (၂၇-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၃၀) ဦး ဖြင့်ဖွင့်လှစ်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_nov2019

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events