လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၌ ရွာသူ/ရွာသား (၁၀၀) ဉီးခန့်ကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခြင်း၊ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2019
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)