
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ရှိ သာသနာ့ဗိမ္မာန်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ (အခမဲ့) သင်တန်းတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေးနှင့်ပက်သက်သည့်ဆောင်ရန်၊ ရှောင်ရန် အချက်များ နှင့် DAN Mobile application အား (၂၈-၁၁-၂၀၁၉) ရက်နေ့ (၁၃:ဝဝ) နာရီမှ (၁၅:၀၀) နာရီထိ သင်တန်းသူ၊ သင်တန်းသား (၃၀) ဦးအား ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)