လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ အ.ထ.က(၂) ကျောင်းခန်းမ၌ (၂၈-၁၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းအတွင်း တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး (၂၉-၁၁-၂၀၁၉) ရက်နေ့တွင်လည်း အဆိုပါသင်တန်းကို ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)