Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျား/မ တန်းတူညီမျှရေး ပေကျင်းကြေငြာချက် ၂၅ နှစ်ပြည့် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အာရှ-ပစိဖိတ်ဝန်ကြီးများအဆင့် ညီလာခံသို့ တက်ရောက်၍ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံ
နိုဝင်ဘာ ၂၉ ၊ ဘန်ကောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းက UN. Women ဌာနချုပ်၏ Deputy Executive Directorဖြစ်သူ Ms. Anita Bhatia နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ ဝန်ထမ်းများ အပါအဝင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး ဆိုင်ရာကိစ္စများတွင် UN.Womenနှင့် ဆက်လက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ (၁၁:၀၀) အချိန်ထိပင်လောင်းမြို့နယ် အ.ထ.က (ရင်းမီး) ၌ကျောင်းသား/ သူ (၁၉၀) ဦးအားသဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြ သခြင်းများအား ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #shn_nov2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၌ ဒုတိယကွပ်ကဲရေးမှူးနှင့် အရာရှိ ၊ အရာခံ၊ အကြပ် ရဲဝန်ထမ်းအင်အား (၁၅၀) ဦးအား သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ဖွဲ့စည်းမှု ၊ ဥပဒေ ၊ နည်းဥပဒေနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား အသိပညာပေးဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဥပဒေစာအုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ တုန့်ပြန်ရေးစီမံချက်စာအုပ်များအား ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ygn_nov2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)ချိန်မှ (၁၅:၀၀) ချိန်အထိ ပုဗ္ဗသီရိမြို့နယ် အ.ထ.က (၂၀) စာသင်ကျောင်းတွင် ကျောင်းသား/ သူများ သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ရာ ကျောင်းသား/ သူ (၂၇၈) ဦး တက်ရောက်ခဲ့ပြီး အဆိုပါ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာ များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီ မှ (၁၅:၀၀) နာရီ အချိန်အထိ ရေစကြိုမြို့၊ အ.လ.က (ခွဲ) ကျောင်း၌ ကျောင်းသား/ သူနှင့် ဆရာ၊ ဆရာမ (၂၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ရေဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး ဗလာစာအုပ်များပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mgy_nov2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
ငလျင်ဘေးအသိပညာပေးပိုစတာများကပ်နှံဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင် အများပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးသည့်အနေဖြင့် ချင်းတွင်း မြစ်ကမ်းတစ်လျောက်ရှိ အမြန်ရေယာဉ်ဂိတ်များ/ အမြန်ရေယာဉ်များပေါ်နှင့် အဝေးပြေး ကားဂိတ်များ/ မီးရထားဘူတာများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးပိုစတာများ သွားရောက်ကပ်ယူပြီးစီးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar-eqk #sgg_nov2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအသိပညာပေးပိုစတာများကပ်နှံဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့တွင်လူစည်ကားရာနေရာများဖြစ်သည့် ကားဂိတ်၊ ဈေး၊ လေယာဉ်ကွင်းနှင့် ဘဏ်ရှေ့တို့တွင်ငလျင်ဘေးအသိပညာပေးဆောင်ရန်/ ရှောင်ရန်နံရံကပ်ပိုစတာများကပ်နှံ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar-eqk #sgg_nov2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရေးမြို့နယ်၊ ရင်းရယ်ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်အထိ ကျေးရွာသူ/ သား (၁၀၀) ဦးခန့်ကို သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအားဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_nov2019 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နေလည် (၀၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ ထိ ကျိုင်းတုံမြို့၊ ကတ်ထိုက် ကျေးရွာအုပ်စု၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကတ်ထိုက်တွင် ကျောင်းသူ/ ကျောင်း သားနှင့် ဆရာမ (၂၀၀) ဉီးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင် ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ သို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉ ) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ စစ်ကုန်းလေးကျေးရွာတွင် (၂၈- ၁၁- ၂၀၁၉) ရက်နေ့၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု(၂) စု၊ လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၈၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ … Read more









