လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရေးမြို့နယ်၊ ရင်းရယ်ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၂၉-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်အထိ ကျေးရွာသူ/ သား (၁၀၀) ဦးခန့်ကို သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအားဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#mon_nov2019
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)