
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)ချိန်မှ (၁၅:၀၀) ချိန်အထိ ပုဗ္ဗသီရိမြို့နယ် အ.ထ.က (၂၀) စာသင်ကျောင်းတွင် ကျောင်းသား/ သူများ သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ရာ ကျောင်းသား/ သူ (၂၇၈) ဦး တက်ရောက်ခဲ့ပြီး အဆိုပါ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာ များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#npw_nov2019
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)