လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီ မှ (၁၅:၀၀) နာရီ အချိန်အထိ ရေစကြိုမြို့၊ အ.လ.က (ခွဲ) ကျောင်း၌ ကျောင်းသား/ သူနှင့် ဆရာ၊ ဆရာမ (၂၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ရေဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး ဗလာစာအုပ်များပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#mgy_nov2019
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)