သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း

29_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၌ ဒုတိယကွပ်ကဲရေးမှူးနှင့် အရာရှိ ၊ အရာခံ၊ အကြပ် ရဲဝန်ထမ်းအင်အား (၁၅၀) ဦးအား သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ဖွဲ့စည်းမှု ၊ ဥပဒေ ၊ နည်းဥပဒေနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား အသိပညာပေးဆွေးနွေးခဲ့ကြပြီး

အသိပညာပေးလက်ကမ်းစာစောင်များ၊ ဥပဒေစာအုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး ငလျင်ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ တုန့်ပြန်ရေးစီမံချက်စာအုပ်များအား ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar

#ygn_nov2019

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events