Category Archives: News
-
ကျောင်းသား/သူ၊ ဆရာ/မများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၁၂..၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ ထိ ကျိုင်းတုံမြို့၊ ကလေးပြုစုရေးသင်တန်းကျောင်းတွင် ကျောင်းသူ/ကျောင်သား နှင့် ဆရာမ(၆၀) ဉီးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec_2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျှားရှည်ကျေးရွာအုပ်စု၊ ညောင်ချောင်း (စံပြ) ကျေးရွာ၌ (၁.၁၂.၂၀၁၉) ရက်နေ့တွင် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာအုပ်စု၊ ခမောင်းတုန်းကျေးရွာ၊ ဝဇီရာမဘုန်းကြီးကျောင်းဓမ္မာရုံ၌ (၃၀.၁၁.၂၀၁၉)ရက်နေ့၊ (၁၁:၃၀)နာရီချိန်မှ (၁၃:၃၀)နာရီချိန်အထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကို ဆောင်ရွက်ခဲ့သည်။ ထိုဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး/လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း(ငြိမ်း)၊ သံတွဲမြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၅၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည်(၃၀ -၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) မှ (၁၂:၀၀) ထိတာချီလိတ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ဖွင့်လှစ်သည့် ရှေ့ဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ (ECCD) အခြေခံသင်တန်း၌တက်ရောက်သည့် သင်တန်းသူ/ သင်တန်းသားများအား သဘာ၀ဘေးအသိပညာပေးခြင်း၊ သဘာ၀ဘေးစီမံခန့်ခွဲမှုနှင့်စပ် လျဉ်း၍ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆွေးနွေးပွဲတွင်ရာသီဥတုပြောင်းလဲခြင်း နှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သောဘေးအန္တရာယ်များနှင့် သဘာ၀ ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီး နောက်ပိုင်းဆောင်ရန်/ ရှောင်ရန်များဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေ ထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ရုပ်ပုံများအားပြန်လည်ပုံဖော်ပြီး … Read more
-
မြန်မာ − အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း (Myanmar ASEAN Women’s friendship Association) က One Stop Women Support Center သို့ လှူဒါန်းငွေများ ပေးအပ်
ရန်ကုန်၊ နိုဝင်ဘာလ(၃၀)ရက် မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း (Myanmar ASEAN Women’s Friendship Association) က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေးအတတ်ပညာကျောင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း ဥက္ကဌ ဒေါ်လွင်လွင်မှန်၊ မြန်မာနိုင်ငံဆိုင်ရာစင်္ကာပူသံအမတ်ကြီး H.E. Ms Vanessa Elisabeth Chan Yuen … Read more
-
ကလေးစာပေးပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဦးစီးဌာန ပြခန်းများပါဝင်ပြသမှုသတင်း
(၂၉.၁၁.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှု ဦးစီးဌာနပြခန်းများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော သာပေါင်းမြို့နယ် ကလေးစာပေ ပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ပြသခဲ့ရာ တိုင်းဒေသြက်ီး အစိုးရအဖွဲ့နှင့် လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဒါက်တာစိုးဝင်း၊ ကရင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်(၁)၊ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်(၂)၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား/သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း … Read more
-
ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း
မောင်တောခရိုင်သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ ဂရုဏာလူမှုကွန်ယက်အသင်းတို့ ပူးပေါင်း၍ မောင်တောမြို့၊ မြို့မအား ကစားကွင်း၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ကျောင်းသား/ သူများ(၄၇၀)ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး မောင်တောခရိုင်ဦးစီးမှူးရုံးမှ ဘေး(၈)မျိုး လက်ကမ်းစာစောင် (၃၀၀) စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ ပါသည်။ #simex_eqk #rke_dec2019 Source: … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၉) ရက်နေ့၊ နေ့လည် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ရွာသူ/ရွာသား (၁၀၀) ဉီးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက် ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_dec2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်၁၉ခုရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၈၃၁)စု၊ လူဦးရေ(၃,၆၉၉)ဦးအတွက်ထပ်မံ၍ ဆန်ရိက္ခာ(၁)လစာ ဆန်(၁,၁၅၅)အိတ် (၂၂)ပြည်(၄)ဘူးအား ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ(၂၈.၁၁.၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_dec2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ် (၆)ခု အရှေ့တောင်ရပ်ကွက်၊တောင်ရင်းတန်းရပ်ကွက်၊ ချောင်းဝရပ်ကွက်၊ကောင်းရီချောင်းကျေးရွာ၊ပြားချောင်းကြီးကျေးရွာ နှင့်ကုန်တန်းကျေးရွာသို့ (၂၅.၁၁.၂၀၁၉)ရက် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၉၄)စု၊ လူဦးရေ(၈၀၁)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၁၁၆)အိတ် (၁၉) ပြည် (၄) ဘူးအား ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး မှ(၂၈.၁၁.၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_dec2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









