မြန်မာ − အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း (Myanmar ASEAN Women’s friendship Association) က One Stop Women Support Center သို့ လှူဒါန်းငွေများ ပေးအပ်

30_Pic_02
ရန်ကုန်၊ နိုဝင်ဘာလ(၃၀)ရက်
မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း (Myanmar ASEAN Women’s Friendship Association) က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေးအတတ်ပညာကျောင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း ဥက္ကဌ ဒေါ်လွင်လွင်မှန်၊ မြန်မာနိုင်ငံဆိုင်ရာစင်္ကာပူသံအမတ်ကြီး H.E. Ms Vanessa Elisabeth Chan Yuen Ying၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေ အတွင်းရေးမှူးဒေါက်တာမြသီတာ၊ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှား သံအမတ်ကြီး ၏ဇနီး Madam YennyNoviyanti၊ ဘရူနိုင်းဒါရူဆလင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမော္ဘဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်သံတမန်အမျိုးသမီးများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးအကြမ်းဖက်ခံရသူများနှင့် စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လာရောက်လှူဒါန်းသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ − အာဆီယံ အမျိုးသမီးများချစ်ကြည်ရေးအသင်း၏ လှူဒါန်းမှုများသည် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်နေသည့် ကျား၊ မအခြေပြု အကြမ်းဖက်မှုများ ပပျောက်ရေးလုပ်ငန်းစဉ်များအတွက် များစွာ အထောက်အကူဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံသည် United Nations Convention on the Elimination of all forms of Discrimination Against Women – UNCEDAW အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာကြိုတင်ကာကွယ်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို UNCEDAW ပါ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိူးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို Beijing Platform For Action ပါ ဦးစားပေးလုပ်ငန်းနယ်ပယ် (၁၂) ရပ်ကို အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျန်ရှိသည့် (၃) နှစ်တာကာလအတွက် လက်တွေ့ လုပ်ငန်းစဉ်များရေးဆွဲ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီး များအတွက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဖြေရှင်းဆောင်ရွက်နိုင်သည့်စင်တာ (One Stop Women Support Center) များကို ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်နှင့် လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ကျား၊ မအခြေပြု အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဉပဒေပိုင်း ဆိုင်ရာ အကြံပြုချက်များရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဉပဒေကြောင်းအရ တရားရင်ဆိုင်ရာတွင် အထောက်အကူပြုနိုင်ရေး ၎င်းတို့၏ဘဝများပြန်လည်ရပ်တည်နိုင်ရေး အတွက် ငွေကြေးဆိုင်ရာထောက်ပံ့ပေးခြင်း တို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ကျား၊ မအခြေပြု အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်ရာတွင် အောင်မြင် မှုများရှိသော်လည်း ဖြေရှင်းဆောင်ရွက်ရမည့် စိန်ခေါ်မှုများလည်းကျန်ရှိနေသေးပါကြောင်း၊ ၎င်းစိန်ခေါ်မှုများကိုဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ထိရောက်သည့်မဟာဗျူဟာများ ချမှတ်၍ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ−အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းသို့ ငွေလှူဒါန်းခဲ့မှုများ ကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းလှူဒါန်းငွေများကိုနေပြည်တော်တွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက တည်ဆောက်လျက်ရှိသည့် တစ်ကိုယ်ရည်မိခင်များနှင့် ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး အဆောက်အဦဆောက်လုပ်ခြင်းတွင် အသုံးပြု ခဲ့ကြောင်း၊ ယခုကဲ့သို့ မြန်မာ − အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်း၏ အမျိုးသမီး များနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ဖြေရှင်းဆောင်ရွက်နိုင်သည့် စင်တာ (One Stop Women Support Center) အတွက် လှူဒါန်းမှုများသည် အာဆီယံနိုင်ငံများနှင် မြန်မာပြည်သူများကြား ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုများအတွက် များစွာအထောက်အကူပြုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံအမတ်ကြီး ကအမျိုးသမီးသက်မွေးအတတ် ပညာကျောင်းသို့ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်းမှ လှူဒါန်းငွေကျပ် သိန်း(၁၅၀) ကိုပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြား ရေးမှူးက မြန်မာနိုင်ငံ၏ ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များသည် သက်မွေးအတတ်ပညာကျောင်း၌ အမျိုးသမီးများသက်မွေးအတတ် ပညာများ သင်ကြားနေမှုများကို လိုက်လံကြည့်ရှုကြပြီး သင်တန်းကျောင်းအတွင်း ကာကွယ် စောင့်ရှောက်ထားသော အမျိုးသမီးငယ်များအား တွေ့ဆုံအားပေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

#hl_1
#ygn_nov2019

Source: MSWRR

Sign Up

Upcoming Events