
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည်(၃၀ -၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) မှ (၁၂:၀၀) ထိတာချီလိတ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ဖွင့်လှစ်သည့် ရှေ့ဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ (ECCD) အခြေခံသင်တန်း၌တက်ရောက်သည့် သင်တန်းသူ/ သင်တန်းသားများအား သဘာ၀ဘေးအသိပညာပေးခြင်း၊ သဘာ၀ဘေးစီမံခန့်ခွဲမှုနှင့်စပ် လျဉ်း၍ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆွေးနွေးပွဲတွင်ရာသီဥတုပြောင်းလဲခြင်း နှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သောဘေးအန္တရာယ်များနှင့် သဘာ၀ ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီး နောက်ပိုင်းဆောင်ရန်/ ရှောင်ရန်များဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ်နေ ထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ရုပ်ပုံများအားပြန်လည်ပုံဖော်ပြီး ကျရောက်တတ်သောဘေးအန္တရာယ်များအား အဖွဲ့လိုက်ဆွေးနွေးစေခြင်း၊ ဂိမ်းများကစားခြင်း၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကဗျာများရေးဖွဲ့သီဆိုခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းဖြင့် တက်ရောက်သူ (၃၁) ဦးအား ဆွေးနွေးဟောပြော ခဲ့ပါကြောင်းသိရှိ ရပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)