သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်မှု

 

2_Pic_01
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊
ခမောင်းတုန်းကျေးရွာအုပ်စု၊ ခမောင်းတုန်းကျေးရွာ၊ ဝဇီရာမဘုန်းကြီးကျောင်းဓမ္မာရုံ၌ (၃၀.၁၁.၂၀၁၉)ရက်နေ့၊ (၁၁:၃၀)နာရီချိန်မှ (၁၃:၃၀)နာရီချိန်အထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကို ဆောင်ရွက်ခဲ့သည်။ ထိုဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး/လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း(ငြိမ်း)၊ သံတွဲမြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၅၁)ဦးတက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

 

#ar

#rke_dec2019

Source:            သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events