ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်၁၉ခုရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၈၃၁)စု၊ လူဦးရေ(၃,၆၉၉)ဦးအတွက်ထပ်မံ၍ ဆန်ရိက္ခာ(၁)လစာ ဆန်(၁,၁၅၅)အိတ် (၂၂)ပြည်(၄)ဘူးအား ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ(၂၈.၁၁.၂၀၁၉) ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)