Category Archives: News
-
Mon state DRR working group ၏ (၂၀၂၀) ခုနှစ် လုပ်ငန်းစီမံကိန်းများပူးပေါင်းဆောင်ရွက်ရေး၊ Mon DRR working group ၏ လုပ်ငန်းစီမံချက် ပေါ်ထွက်လာနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Mon State DRR working group တို့ ပူးပေါင်း၍ (၂-၁၂-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ Mon state DRR working group ၏ (၂၀၂၀) ခုနှစ် လုပ်ငန်းစီမံကိန်း များ ပူးပေါင်းဆောင်ရွက်ရေး၊ Mon DRR working group ၏ လုပ်ငန်းစီမံချက် ပေါ်ထွက်လာနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာ ရခိုင်ပြည်နယ်တွင် ရှင်းလင်းပြောကြား
ဒီဇင်ဘာ ၂ ၊ စစ်တွေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းကို စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပြည်တွင်း နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာနှင့်ပတ်သက်၍ လာရောက်အသိပေးရှင်းလင်းခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကဦးတည်ချက်များ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ သွေးနက်ကျေးရွာအုပ်စု၊ ကြီးနီ ကျေးရွာ၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေစုစုပေါင်း (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၀၆,၃၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၂-၁၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ ကသာခရိုင်၊ ထီးချိုင့်မြို့ နယ်မောင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌(၂.၁၂.၁၉)ရက်နေ့ (၁၃:၀၀)နာရီမှ(၁၅:၀၀) နာရီအထိကျောင်းသူကျောင်းသား (၃၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်ရှောင်ရန်များအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2019 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာ အုပ်စု၊ စံကင်းကျေးရွာ၌ (၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးနှင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၅) လုံး စုစုပေါင်းနေအိမ် (၆) လုံးမှ လူဦးရေ (၁၈) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာရန်ပုံငွေ … Read more
-
ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၉:၃၀) ချိန်မှ (၁၁:၃၀) ချိန်အထိ တပ်ကုန်းမြို့နယ်၊ မကျည်းပင်(အ.ထ.က) စာသင်ကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ရာကျောင်းသား/သူ (၂၀၀) ဦး တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပို စတာများဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #npw_dec_2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (2-12-2019)ရက်နေ့ (၁၃: ၀၀)နာရီအချိန်တွင် ကနီမြို့နယ်စည်ပင်သာယာဈေးအရှေ့ တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec20109 Source: ကနီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၁၉) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ပခုက္ကူခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/ သူ စုစုပေါင်းအင်အား (၇၅) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂-၁၂-၂၀၁၉) ရက်နေ့မှ (၄-၁၂-၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၃၀) ဦး ဖြင့်ဖွင့်လှစ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ် မြကန်သာရပ်ကွက်၌ (၁.၁၂.၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင် မြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်တွင်းနေရပ်စွန့်ခွါသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တွေ့ဆုံမှုသတင်း
ရန်ကုန်၊ ဒီဇင်ဘာလ(၁)ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံ ဆိုင် ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးဦးဆောင်သော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းများက ပြည်တွင်း နေရပ်စွန့်ခွါသူများပြန်လည်နေရာချထားရေးနှင့် IDPစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ လာရောက်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေး မှူးနှင့်အတူ UNDP, UN Habitat, UNICEF Myanmar, IOM, FAO, UNHCR, WFP, WHO, … Read more









